မြဝတီမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ဘုရင့်နောင်ဈေးအတွင်း အပြင်နေရာများတွင် ကိုဗစ်−၁၉ကာလ အတွင်း သတ်မှတ်စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

မြဝတီ အောက်တိုဘာ ၁၃


ကရင်ပြည်နယ်၊  မြဝတီမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ဘုရင့်နောင်ဈေးအတွင်းအပြင်နေရာ များတွင်   ကိုဗစ်−၁၉ ကာလ တွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) နှင့် Face Shield တပ်ဆင်ပြီးမှသာ စျေးရောင်း၊စျေးဝယ်ကြစေရန်၊ စျေးရောင်း၊ စျေးဝယ်သူများအား တစ်ဦးနှင့် တစ်ဦးသတ်မှတ် အကွာအဝေးတွင်ရောင်းချ ဝယ်ယူကြရန်  ကျန်းမာရေးအသိပညာပေးခြင်းများကို လည်း ဆောင်ရွက် ပေးခဲ့သည်။
 မြဝတီမြို့ဘုရင့်နောင်ဈေးအတွင်းအပြင်နေရာများတွင် စျေးရောင်း/စျေးဝယ်သူများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိမရှိကို  မြဝတီမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦး နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်း များကပူးပေါင်း ၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မန်းသန်းရွှေမြင့်