နမ့်စန်(တ) အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးတာဝန်များ ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ယမန်နေ့ နံနက် ၁၀ နာရီ မှ ညနေပိုင်းအထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် RDT ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အထူးရဲသင်တန်းသားအားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် မဲရုံ ၁၀၃ ၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၀၃ ဦးရှိပြီး နမ့်စန်မြို့တွင် တာဝန်ကျသည့် အထူးရဲ ၇၉ ဦးကို နမ့်စန်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ပြီး ခိုလမ်မြို့တွင် တာဝန်ကျသည့် ၂၄ ဦးကို ခိုလမ်မြို့ပြည်သူ့ဆေးရုံတွင် စစ်ဆေးဆောင်ရွက်ခဲ့ကာ အထူးရဲသင်တန်းသား စုစုပေါင်း ၁၀၃ ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီအောင်ထံမှသိရသည်။
သူရအောင်(ပြန်/ဆက်)