​ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသူများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆိပ်ကြီးကျေးရွာရှိ ရွှေခရီး(စက်သုံးဆီအရောင်းဆိုင်) နှင့် Good Health (သောက်ရေသန့်စက်ရုံ)ပိုင်ရှင်မှ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။

ပြင်စလူမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့တွင် နံရံကပ်စာစောင် ပြုလုပ်ပြသထားသည်။

မိုင်းယောင်းမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် Lock Down သတ်မှတ်ထားသည့် မြို့နယ်မှပြန်လာသူများအား Swab နမူနာယူ စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် (၄)မိုင် အထက (ခွဲ)ကျောင်းတွင် ဖွင့်လှစ်ထားသော

ကံမမြို့နယ်တွင် ကျေးရွာပေါင်း (၄၀) ၌ ၂၄ နာရီ လျှပ်စစ်မီးရရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးရွာ ၃၃ ရွာ၊အမျိုးသား ဓါတ်အားရရှိရေး စီမံကိန်း (NEP) Phase-1 ဖြင့် ကျေးရွာ ၇ ရွာ စုစုပေါင်းကျေးရွာ(၄၀)ရွာအား မဟာဓါတ်အားလိုင်းမှ တဆင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့်အထူးရဲ (၂၀)ဦးတို့အား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မိုင်းယန်းမြို့မ ရဲစခန်းဝင်းအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ ​နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေး​ရောင်းချသူများနှင့်​စျေးဝယ်သူများ ပါးစပ်၊ နှာ​ခေါင်းစည်း (Mask)များတပ်ဆင်​ရေး  စစ်​ဆေးကြပ်မတ်ခြင်းများ အရှိန်အဟုန်မြှင့် ​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်း​နေထိုင်ကြ​သောပြည်သူများ ကိုဗစ်-၁၉ ​ရောဂါကာကွယ် ထိန်းချုပ်နိုင်​ရေးအတွက်  နေအိမ်ပြင်ပထွက်ခွာသူများ၊  ​စျေး​ရောင်းသူများနှင့်​စျေးဝယ်သူများ ပါးစပ်၊နှာ​ခေါင်းစည်း (Mask)များတပ်ဆင်ခြင်းရှိ၊မရှိ  စစ်​ဆေးကြပ်မတ်ခြင်းကို ယ​နေ့ နံနက်(၈း၀၀)နာရီအချိန်က အရှိန်အဟုန်မြှင့် ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ကွန်ဟိန်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ပြဘုတ်နှင့် နံရံကပ်ပြဘုတ်တို့၌ ပြည်သူများအား အသိပညာပေးမှတ်တမ်းများ၊ အကြောင်းအရာများ ပြသခြင်းအား ယနေ့နံနက်ပိုင်း က စတင်၍ ပြသထားလျှက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ Quarantine ထားရှိသူ(၁၂)ဦး၏ Swab နမူနာများ ရယူ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၌ Facility Quarantine Center များတွင် ထားရှိသူများအနက်မှ (၁၂)ဦး၏ Swab ဓာတ်ခွဲ နမူနာ များအား (၂၇)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးရန် ယနေ့နံနက်ပိုင်းက ရယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to