လင်းခေးတွင် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာ စိုက်ထူခြင်း ကွင်းဆင်း ဆောင်ရွက်

 

လင်းခေး          အောက်တိုဘာ ၁၃

 ၂ဝ၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေး အများပြည်သူတို့ “မိမိအခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ “ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း ၊မြေစိုက်ပိုစတာ စိုက်ထူခြင်းတို့ကို ယနေ့နံနက် ၇ နာရီက လင်းခေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လင်းခေးမြို့၊ မြို့မစည်ပင်သာယာစျေးကြီး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ယာယီ ပျံကျစျေးနှင့် မြို့တွင်းလမ်းဆုံ၊ လမ်းခွနေရာများတွင် ပြည်သူတစ်ဦးချင်း လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းနှင့်(Vinyle) ပိုစတာ မြေစိုက်ထူကြေညာထားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးထွေးနိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းခမ်းလှိုင်၊ အတွင်းရေးမှူး ဦးချိုနိုင်၊ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး မြန်မာ/ရှမ်းဘာသာနှစ်မျိုးဖြင့် ဖော်ပြပါရှိသော စာစောင်ပိုစတာများအား ဖြန့်ဝေ၊ စိုက်ထူပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)