အုတ်တွင်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ ဈေးကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေး ပြီးပြီလား လက်ကမ်း စာစောင်များအား ဈေးရောင်းသူ၊ ဈေးဝယ်သူများနှင့် ပြည်သူများအား အခမဲ့ ဖြန့်ဝေခဲ့သည်။
အဆိုပါ စာစောင်တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည် ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံး အခွင့်အရေးဖြစ်ကြောင်း၊ အခုပဲ သွားရောက်စစ်ဆေးစေလိုကြောင်း၊ https://findyourpollingstation.uec.gov.mm အွန်လိုင်းမှလည်း စစ်ဆေးနိုင်ကြောင်း၊အကယ်၍ မိမိ (သို့)မိမိ မိသားစုဝင် များ (သို့) မိတ်ဆွေများ၏ အမည်စာရင်းကို ဖြည့်စွက်ရန်၊ ပြင်ဆင်ရန် လိုအပ်ပါက (သို့) မဲစာရင်းပါ အမည်စာရင်း ကန့်ကွက်လိုပါက သတ်မှတ်ထားသည့် ပုံစံများကို ဖြည့်စွက်၍ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည် ဖြစ်ကြောင်း၊ သို့မှသာ အချိန်မီ ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ဘေးကင်းလုံခြုံရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာရန် လိုအပ်ကြောင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)