ပြင်ဦးလွင် အောက်တိုဘာ ၁၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းတွင် ပါဝင်သည့် လူနာများအနက်(၃)ဦးမှာ ဆေးကုသမှုခံယူခဲ့ရာ ကျန်းမာရေးကောင်းမွန် လာသဖြင့် သတ်မှတ်ရက်ပြည့်သည့် ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
လူနာများ လက်ရှိအခြေအနေမှာ ဖျားနာမှုမရှိ၊ ချောင်းဆိုးခြင်းမရှိဘဲကျန်းမာရေးကောင်းမွန် ပြီးသတ်မှတ်ထားတဲ့ ကာလ ပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန် ချက်များနှင့်အညီ နေအိမ်တွင် Home Quarantine (၇) ရက်ဆက်လက်နေ ထိုင်သွားရမည်ဖြစ်ပြီး ယခု ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးတွင် ပိုးတွေ့လူနာ (၄)ဦး ဆက်လက်၍ ကုသမှုခံယူနေကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။
မြတ်ဆုမွန်