ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးစာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေးရုပ်ပုံစာစောင်များ ပြသထားရှိ

 

ပျဉ်းမနား   အောက်တိုဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊  ပြန်ကြားရေးနှင်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များနှင့် လူမှုမီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာပေးရုပ်ပုံများ၊ စာစောင်များကို ယမန်နေ့နံနက်ပိုင်း ကစ၍ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုသို့ပြသရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် လိုက်နာရမည်နည်းလမ်းများ၊ မိမိကစ၍ ကာကွယ်ရေးနည်းလမ်းများနှင် လူမှုမီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိ သော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံ သတင်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ အသိပညာပေးရုပ်ပုံများ၊ စာစောင်များကို ပြည်သူ များ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)