မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ ၂၃ ဦး ၏ Swab နမူနာများ ဓာတ်ခွဲစစ်ဆေးရန် ကျိုင်းတုံမြို့သို့ သွားရောက်ပို့ဆောင်

 

မိုင်းဆတ် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ Quarantine ထားရှိသူ (၂၃) ဦး ၏ Swab နမူနာများအား ဓာတ်ခွဲစစ်ဆေးရန် ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့သို့ သွားရောက်ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

Quarantine ထားရှိသည့် မန္တလေးမြို့မှပြန်လာသည့် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး၊ မုံရွာမြို့မှ ပြန်လာသူ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ ဂန့်ဂေါမြို့မှပြန်လာသည့်အမျိုးသား(၁)ဦး၊ တောင်ကြီးမြို့မှ လာသည့် အမျိုးသား(၁)ဦး၊ ရေနံချောင်းမြို့မှပြန်လာသည့် အမျိုးသမီး(၁)ဦး၊ မိတ္ထီလာမြို့မှပြန်လာသူ အမျိုးသမီး(၁)ဦး၊ ကောလင်းမြို့မှပြန်လာသူ အမျိုးသမီး(၂)ဦး၊ ညောင်ရွှေမြို့မှပြန်လာသူ အမျိုးသား(၂)ဦး၊ မကွေးမြို့မှပြန်လာသူ အမျိုးသား(၂)ဦး၊ တာချီလိတ်မြို့မှ ပြန်လာသူ အမျိုးသား(၁)ဦး၊ ပုလဲမြို့မှပြန်လာသူ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦးနှင့် အကျဉ်းသား(၁)ဦး အပါအဝင်  စုစုပေါင်း(၂၃)ဦးတို့၏ Swab နမူနာများကို ကျန်းမာရေးဌာနဝန်ထမ်းများက ယမန်နေ့ညနေ(၄)နာရီကရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)