မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ အလှူငွေကျပ်သိန်း (၅၀) လာရောက်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ စိန်အန်ထော်နီဘုရားကျောင်း ဘုန်းတော်ကြီးများအဖွဲ့ ဂေါပကနှင့် အကျိုးတော်ဆောင်အဖွဲ့ဝင်များမှ အလှူငွေကျပ် သိန်း(၅၀) လှူဒါန်းခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှူဒါန်းပွဲတွင် အလှူရှင်များဖြစ်သည့် စိန်အန်ထော်နီဘုရားကျောင်းမှ တာဝန်ရှိသူ တစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ အမှတ်()တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် စိန်အန်ထော်နီဘုရားကျောင်းမှ တာဝန်ရှိသူများက အလှူငွေ ကျပ်သိန်း (၅၀) ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Community Based Facility Quarantine Centre () ခု ဖွင့်လှစ် ဆောင်ရွက်ထားရာ အလှူခံရရှိသည့် ငွေကြေးများအား အဆိုပါ Quarantine Centre များ၏ လိုအပ် သည့် နေရာများ၌  အဓိကထား သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)