ရွှေတောင် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား(၁၁၇) ဦး အား နေရာ(၅)နေရာဖြင့် သင်တန်းပို့ချလျက်ရှိရာ အ−ထ−က(ကြာနီကန်)မှ အထူးရဲသင်တန်းသား(၃၀)ဦး၊ သင်တန်း အုပ်ချုပ်သူ အရာရှိ(၁)ဦးနှင့် သင်တန်းနည်းပြ (၃)ဦး၊ စုစုပေါင်း(၃၄)ဦးတို့အား မြို့နယ် ကျန်းမာရေးဦးစီးဌာန ပထမတန်းဓာတ်ခွဲခန်းမှူး ဦးအောင်မိုးကျော်မှ Rapid Antigen Diagnostic Test kit ဖြင့် အာခေါင်၊ နှာခေါင်းတို့ဖတ်များအား စစ်ဆေးရယူခဲ့ရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာထက်အောင်၏ ပြောကြားချက်အရ (၃၄)ဦးလုံး Negative ဖြစ်ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)