ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Swab နမူနာရယူရာတွင် အသုံးပြုနိုင်ရန် အဆောင်ငယ်တစ်လုံးလှူဒါန်း

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများရှိ စောင့်ကြည့်လူနာများ၏ Swab နမူနာ ရယူရာတွင် အဆင်ပြေစေရေးနှင့်

တောင်ကြီးမြို့၌ (Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများကို ဒဏ်ငွေ ၂၀၀ ကျပ် ကောက်ခံ၍ အသိပညာပေးခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ကိုဗစ် ရောဂါ ကူးစက်မှုမရှိစေရန်အတွက် တောင်ကြီးမြို့အဝင် မြေပုံနီအတက်လမ်း၊ အရှေ့မြို့ပတ် လမ်း အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း အနီးနှင့် အရှေ့ မြို့ပတ်လမ်း အဆုတ်ဆေးရုံရှေ့ မီးပွိုင့်အနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန် မှစတင်၍ (Mask) နှာခေါင်းစည်း မတပ်ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်း ပြုလုပ်ခဲ့ ကြသည်။

ဖား​ဆောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်းအဝတ် (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေ

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်နေ့ လှုပ်ရှားမှုအဖြင့် နေအိမ် ပြင်ပထွက်ခွာသွားလာနေသော ခရီးသွားပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန်က ပူး​ပေါင်း ကျန်းမား​ရေးစစ်​ဆေးသည့်ဂိတ်၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့အ ချိန်အထိ ကူးစက်ခံရသူ Positive လူနာ ၁၂ ရှိပြီး ၁ ဦးမှာ ကျန်းမာစွာဖြင့် မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။

လမင်းတစ်ရာ ဘက်စုံပရဟိတဆရာတော်မှ ရွေးကောက်ပွဲ အထူးရဲသင်တန်းသို့ စားနပ်ရိက္ခာနှင့် အလှူငွေ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက လမင်းတရာဘက်စုံပရဟိတ ဆရာတော်မှ ပုသိမ်မြို့၊ တဂေါင်းဘုရားဝန်းအတွင်း ဖွင့်လှစ်ထားသော ရွေးကောက်ပွဲ အထူးရဲ သင်တန်းအတွက် ဆန်၊ ဆီ၊ အာလူး ၊ကြက်သွန်နှင့်အလှူငွေ တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ မဖြစ်ပွားစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း မဲရုံ ၁၃၉ ရုံ၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့က သင်တန်း တည်ရှိရာ နေရာအသီးသီးတို့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားကန့် ဝှေခါမှော်၌ သက်တမ်းကုန်လုပ်ကွက်အတွင်းမှ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းတုံး တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာရှိ သက်တမ်းကုန်လုပ်ကွက်တစ်ခုအတွင်းမှ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းတုံးအား အောက်တိုဘာ ၁၂ ရက် ညပိုင်းက တွေ့ရှိခဲ့ပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)မှ သိရသည်။

မိုင်းရှူးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် စနစ်ဖြင့် အရေးယူဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မိုင်းရှူးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်နှင့် လမ်းဆုံလမ်းခွ နေရာများတွင် (Mask) တပ်ဆင်လာခြင်း မရှိသူများအား စည်းကမ်းလိုက်နာမှုရှိစေရန် ဒဏ်ငွေပေးဆောင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေကြည်မြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၁၁၉)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၁၁၉)ဦးအား ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က အဆိုပါသင်တန်း‌ဖွင့်ရာ စာသင်ကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to