ဖားဆောင်း အောက်တိုဘာ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်နေ့ လှုပ်ရှားမှုအဖြင့် နေအိမ် ပြင်ပထွက်ခွာသွားလာနေသော ခရီးသွားပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန်က ပူးပေါင်း ကျန်းမားရေးစစ်ဆေးသည့်ဂိတ်၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်သူဟိန်းနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး အထိမ်းအမှတ်နေ့တွင် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေ သော ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာအသုံးပြု၍ ရေဖြင့် စနစ်တကျ ဆေးကြောတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားရန်နှင့် သိသင့်သိထိုက်သော မှတ်သားဖွယ်ရာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတများကို အပြန်အလှန်မေးမြန်းပြီး နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများတွင်လည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)