ရေကြည် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၁၁၉)ဦးအား ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က အဆိုပါသင်တန်းဖွင့်ရာ စာသင်ကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အထူးရဲသင်တန်းသား (၁၁၉)ဦးအား RDT (Rapid Diagnostic Test) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ သင်တန်းသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အောင်သူဟန် ( ပြန်/ဆက်)