အလွတ်တန်း မာရသွန်ပြိုင်ပွဲ ဆောမြို့နယ် လောင်းရှည်ဒေသ၌ ကျင်းပ

ဆော ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် အလွတ်တန်း မာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ယမ်းကျေးရွာမှ စတင်တာလွတ်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မာရသွန်ပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူများ၊ အလွတ်တန်း အပြေးဝါသနာရှင်များ စုစုပေါင်း ၆၅ ဦး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။ လွန်ဆွဲပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲများကိုလည်း လောင်းရှည်အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဇော်မျိုးသန့်(ပြန်/ဆက်)

ရွှေကျင်မြို့တွင်၂၀၁၉-၂၀၂ဝပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ရွှေကျင် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဂန့်ဂေါ်ဝိုင်းရပ်ကွက်အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် ၂၀၁၉-၂၀၂ဝပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ၇ ရက်နံနက်၉ နာရီမှစ၍ ကျင်းပသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းသင်တန်း အိမ်မဲမြို့တွင်ဖွင့်လှစ်

အိမ်မဲ          ဇန်နဝါရီ        ၇

ဧရာ၀တီတိုင်းဒေသကြီး၊   မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို  ဇန်နဝါရီလ  ၇ ရက်နေ့ နံနက် ၁၀ နာရီ က အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကလေးစာပေပွဲတော် (ကျုံပျော်) ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

ကျုံပျော် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၆) ကြိမ်မြောက်ကျင်းပမည့် မြို့နယ်အဆင့်ကလေးစာပေပွဲတော် (ကျုံပျော်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း၊ ပြိုင်ပွဲ၊ ပြခန်းများပြသနိုင်ရေး စတင် ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ဒီးမော့ဆို ဇန်နဝါရီ ၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

စစ်ကိုင်း၊ မုံရွာနှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွား (၁၅၀၂၃၁)ဦး ဝင်ရောက်လည်ပတ်ခဲ့

မုံရွာ ဇန်နဝါရီ ၇

စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်နှင့် ဝက်လက်မြို့နယ်အတွင်းရှိ အထင်ကရ နေရာများသို့ (၂၀၁၉) ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် (၁၅၀၂၃၁) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိရောက်စွာ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးအုပ်စု၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၇

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများအား မီးဘေး၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျွဲတဲ ကျေးရွာအုပ်စု၊ ဓမ္မာရုံခန်းမ၌ ကျင်းပသည်။

တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

တာမွေမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီမံကိန်းလုပ်ငန်းများအရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးသီးနှံလယ်ယာမြေများ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေရန် ရေဆိုးထုတ်မြောင်းများတူးဖော်ဆောင်ရွက်လျက်ရှိ

ပွင့်ဖြူ  ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံလယ်ယာမြေများ ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်ကာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ရေဆိုးထုတ်တူးမြောင်းများ တူးဖော်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

Subscribe to