ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ရုပ်ပုံများပြသ
ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြသထားလျက်ရှိသည်။