တီးတိန်၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ ပထမအကြိမ် စေ့စပ်ညှိနှိုင်း အစည်းအဝေးပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေး ကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေး ပါတီများ ပထမအကြိမ် စေ့စပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အစိုးရမူလတန်းကြို ကျောင်းတွင် ပြုလုပ်သည်။

ရွှေသောင်ယံမြို့တွင် Facility Quarantine ဝင်ရောက်နေသူ(၃)ဦးသာရှိပြီး ကျန်းမာရေးကောင်းမွန်

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အသွားအလာများ ကန့်သတ်၍ ကိုဗစ်-၁၉ကပ်ရောဂါ‌များ ဒေသတွင်းသို့ ဝင်ရောက်ကူးစက်မှုမရှိစေရန် ဆောင်ရွက်လျက်ရှိရာတွင် ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးမှ ပြန်လာသူ များအား FacilityQuarantine (၁၄)ရက်ထားရှိခြင်း၊ ရက်ပြည့်ပြီး Quarantine ထွက်ရပါက မိသားစုနှင့်အတူ Home Stay (၇) ရက် ဆက်လက်နေထိုင်စေခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း မဲလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၉၅)ဦးကို Swabစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန်ပေးအပ်နိုင်ရေးအတွက် ချင်းပြည်နယ် ဟားခါးမြို့တွင် အထူးရဲ(၉၅)ဦးကို အောက်တိုဘာ ၁၂ ရက်နေ့က ဟားခါးမြို့၊ ခိုင်ကမ်းအားကစားရုံတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Swab စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

ချင်းပြည်နယ်သို့ဝင်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ RDT Test Kit ဖြင့် စတင်စစ်ဆေး

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ချင်းပြည်နယ်အတွင်း ဝင်ရောက်မည့် ကုန်စည်ကား မောင်းနှင်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် Swab ယူကာ ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဒေးဒရဲမြို့တွင် အထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသားများအား (RDT) test kits ဖြင့် ကိုဗစ်-၁၉ ပိုးရှိ/မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်ကျောင်းတွင် အထူးရဲ (Special Police) သင်တန်း တက်ရောက်နေသော သင်တန်းသားများအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Antigen Rapid Diagnostic (RDT) test kits ဖြင့် ယမန်နေ့ နံနက် ၈ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော် စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေး မချမ်းဘောမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ နေအိမ်(၅၇၃)အိမ်ထောင်စုအား မိန်းမီတာ (CT) စနစ် ဖြင့် (၂၄) နာရီ လျှပ်စစ်မီးရရှိ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး လုပ်ငန်းမှ ဆိပ်ဖြူမြို့နယ်၌ ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု (၅၇၃) အိမ်ထောင်အား မိန်းမီတာ(CT)စနစ်၊ နေအိမ်များအား (SET )မီတာဖြင့် လျှပ်စစ်မီးကို (၂၄) နာရီ ရရှိရေးအတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ ယမန်နေ့ ကတပ်ဆင်ဆောင်ရွက်ပေးပြီး (၂၄)နာရီ လျှပ်စစ်မီး ရရှိနေပြီးဖြစ်ကြောင်းသိရှိရသည်။

အောင်မြေသာစံမြို့နယ်တွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်စာပေးအပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်စာပေးအပ်ခြင်းအခမ်းအနားကို ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင် ကျင်းပသည်။

ဖရူဆိုမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသော ခရီးသွားပြည်သူ များနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား ယနေ့ နံနက် ၉ နာရီ အချိန်က မြို့မဈေး၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to