မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း

မော်လမြိုင်ကျွန်း  အောက်တိုဘာ ၁၃

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ မဖြစ်ပွားစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

မြို့နယ်ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် positive လူနာ ၁၁ ဦး ကုသပေးလျက်ရှိပြီး ပထမဦးဆုံး ပိုးတွေလူနာ အမှတ်()မှ ကျန်းမာစွာဖြင့် ဆေးရုံဆင်းပြီဖြစ်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီတွင် အသုံးပြုနိုင်ရန် အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ ကမ်းနားကျောင်း ဆရာတော်မှ သုံးသိန်းကျပ် မအေးမြတ်ညို၊ မပွင့်ဝါဖြူ၊ မတူတူးတို့မှ ကျပ်သုံးသိန်း၊ မမိုးပပသိန်းမှ နှစ်သိန်းကျပ် ပညာရေးမိသားစု၊ ဒေါ်ခင်လေးရီ(လမင်းထွန်း)မှ ၁၅ဝဝဝဝကျပ်၊ ဒေါ်ထားထားလွင်၊ ဦးညွှန့်ဌေး-ဒေါ်ဝင်းဝင်းမာ၊ ဦးစိုးမြင့်-ဒေါ်ခင်သန်း၊ ဦးသာဒိုး-ဒေါ်ခင်ဆွေဦး၊ ဦးနေလှိုင်-ဒေါ်နီလာဝေတို့မှ ကျပ်တစ်သိန်းစီနှင့် FQများတွင် အသုံးပြုရန် maskဘူး၊ handgel spray ဘူး၊ ရေသန့်ဘူး၊ မုန့်နှင့်စားသောက်ဖွယ်ရာများ၊ ခေါက်ဆွဲခြောက်များကို အလှူရှင်များမှ  ယနေ့နံနက်က ပေးအပ်လှူဒါန်းကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရယူကြကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)