ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၁၁ နာရီခန့်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စု များအား (SMC-19)အဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ ကြောင့်အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား Save Mandalay From Covid-19 (SMC-19) အဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်၉နာရီခွဲက အဆိုပါရပ်ကွက်ရှိအသွားအလာကန့်သတ်ထားသည့် နေရာများတွင် ပြုလုပ်သည်။

လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က တိုက်ခတ်ခဲ့သော လေးပြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများ အတွက် လေဘေးသင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာဝန်များ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်အားဖြည့် ကူညီ

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးတက္ကသိုလ်(မန္တလေး)မှ ဆရာဝန်များအဖွဲ့သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက် အားဖြည့် ကူညီကြမည်ဖြစ်ရာ အဆိုပါဆရာဝန်များ အား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၁၂ရက် နံနက်ပိုင်းက မန္တလေးမြို့၊လမ်း(၃၀)ရှိ ဆေးတက္ကသိုလ်(မန္တလေး) ပင်မဆောင်တွင် ကျင်းပပြုလုပ်သည်။

နတ်တလင်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား များနှင့် နည်းပြ များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ အထူးရဲသင်တန်းသားများနှင့် နည်းပြ များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက် ကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် စားသောက်ဆိုင်များ စည်းကမ်းလိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ယမန်နေ့ နေ့လည် (၁)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသောက်ဆိုင်များ စည်းကမ်းလိုက်နာဆောင်ရွက်မှုရှိ/မရှိ မြို့ပေါ်ရပ်ကွက်များသို့သွား ရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

Lock down ချထားသော မိသားစုဝင်များအား အာဟာရဒါန ထမင်းဘူးများ လာရောက်လှူဒါန်း

ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ အမှတ်(၁၄)ရပ်ကွက်ရှိ Lock down ချထားသော မိသားစုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကျောင်းကုန်းကျေးရွာ ဦးကုလားမိသားစုမှ အဟာရဒါန ထမင်းဘူးများ လာရောက်လှူဒါန်းရာ အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်ကော်မတီဝင်များက အလှူရှင်နှင့် အတူ Lock down ချထားသော မိသားစုဝင်အိမ်များသို့ လိုက်လံဝေငှခဲ့သည်။

တာလေမြို့တွင်း ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကျန်းမာရေးထောက်ခံချက် မပါ ပါက Rapid Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့အတွင်း ဝင်ရောက်လာမည့် အခြားဒေသများမှ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးထောက်ခံချက် မပါ ပါက Rapid Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ် ၌ မဲပေးခြင်း ဆိုင်ရာ သိကောင်းစရာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြသ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် မဲပေးခြင်းဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်က အသိပညာပေးပိုစတာနှင့် ရုပ်ပုံများ ပြသဆောင်ရွက်ထားရှိ ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် အဝေရာ ရာမရန်ကင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ (၁၀)နှစ် အောက်ကလေးငယ်များအား ပဲနို့တိုက်ကျွေး

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ (၁၀)နှစ်အောက်ကလေးငယ်များအား ပဲနို့ တိုက်ကျွေး ရေး စီစဉ်ဆောင်ရွက်လျက် ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျွေးရွာအုပ်စု၊ ကျောက်မိုင်းကျေးရွာ အဝေရာ ရာမရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ပဲနို့များတိုက်ကျွေးခဲ့ ကြောင်းသိရ သည်။
Subscribe to