ရန်ကုန် အောက်တိုဘာ ၁၃
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများရှိ စောင့်ကြည့်လူနာများ၏ Swab နမူနာ ရယူရာတွင် အဆင်ပြေစေရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူရာတွင် အသုံးပြုသည့် ရွှေ့လျားအဆောင်ငယ် (Mobile Sample Collection Booth) များ ထားရှိပြီး အသုံးပြုနိုင်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီက အဆောင်ငယ် တစ်လုံးစာ အတွက် အလှူငွေ ၂၆၀၀၀၀ ကျပ်ကို ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် + ဒေါ်စန်းရီ မိသားစုမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)