ပုသိမ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းက လမင်းတရာဘက်စုံပရဟိတ ဆရာတော်မှ ပုသိမ်မြို့၊ တဂေါင်းဘုရားဝန်းအတွင်း ဖွင့်လှစ်ထားသော ရွေးကောက်ပွဲ အထူးရဲ သင်တန်းအတွက် ဆန်၊ ဆီ၊ အာလူး ၊ကြက်သွန်နှင့်အလှူငွေ တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အလှူငွေ ကျပ်ငါးသိန်း၊ တစ်တင်းခွဲဆန်အိတ် ၄ အိတ်၊ဆီ ၅ ဂါလံ တစ်ပုံး၊ အာလူးတစ်အိတ်၊ ကြက်သွန်နီ တစ်အိတ် တို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)