နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် ဒေသပေါက်ဈေးနှုန်းထား သတ်မှတ်ရန် ဒေသအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂ဝ၂၁ ဘဏ္ဍာနှစ် အတွက် ဒေသပေါက်ဈေးနှုန်း ထားသတ် မှတ်ရန် ဒေသအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)န ာရီအချိန်တွင် နာဂဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပါခဲ့ကြောင်းသိရသည်။

ခင်ဦးမြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၃၀) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ အသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ ညနေ ၃ နာရီက သင်တန်းနေရာ အထက တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

တန့်ယန်းမြို့နယ်တွင် မီးဘေးသင့်နေအိမ်အားဆန်နှင့် စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ အုပ်စု(၉)တွင် မီးဖို၏ မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့်မိသားစုအား မြို့နယ် အရန် မီးသတ်တပ်ရင်းမှ ဆန်နှင့်စားသောက်ဖွယ်ရာများအား ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ပုသိမ်လူမှုညီအကိုများအဖွဲ့က လက်လုပ်လက်စားများကို စားသောက်ကုန်များထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်ဖက်ကမ်း၊ အမှတ် ၉ ရပ်ကွက်၊ မီနီမာလကာစက်ဝင်းနေ လက်လုပ်လက်စားပြည်သူများကို နေအိမ်များတွင် နေထိုင်ရေးကာလအတွင်း ပုသိမ်မြို့၊ ပုသိမ်လူမှုညီအကိုများ အဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံစားသောက်ကုန်များကို အိမ်အရောက် လိုက်လံထောက်ပံပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာဇော်ဝင်း အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက အရာတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မြို့နယ် အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်‌ရေး ကော်မတီဝင် များနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပြည်သူများအား ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များအား သိရှိစေရန် မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ် စာစောင်ပြသခြင်းဆောင်ရွက်ခဲ့သည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၁၂)ဉီး ထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ အောက်တိုဘာလ (၁၁)ရက်နေ့က(၆)ဉီး နှင့် ယမန်နေ့ ညနေ(၆) နာရီ အချိန်က(၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဉီး ထပ်မံ ဝင်ရောက်လာခဲ့သည်။

မယ်စဲ့မြို့နယ်တွင် အသက် ၄၀ နှစ်နှင့် အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တောင်ပိုင်း ရပ်ကွက်ရှိ အသက်‌ (၄၀)နှစ်နှင့် အထက် ပြည်သူများအား ကျန်းမာရေး(အခမဲ့) စောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်း စည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

သနပ်ပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေ အထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to