ကန်ကြီးထောင့် အောက်တိုဘာ ၁၃
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့က သင်တန်း တည်ရှိရာ နေရာအသီးသီးတို့တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ရီရီခင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက (အ.ထ.က) ကန်ကြီးထောင့်၊ ကျိုက်လတ်နယ်မြေရဲစခန်းနှင့် ကံရွာနယ်မြေရဲစခန်းတို့၌ အထူးရဲ သင်တန်းတက်ရောက်နေသည့် သင်တန်းသား ၁၃၉ ဦးတို့ကို Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ သင်တန်းသား အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ (မတွေ့)ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကန်ကြီးထောင့်မြို့ နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံ ဆောင်ရွက်ထားရှိပြီး နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာထားရှိသည့် မဲစာရင်းများအရ မဲဆန္ဒရှင်ပြည်သူ ၁၃၀၉၈၂ ဦးရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)