နမ့်ဆန်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရေး အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိခြင်းများအပေါ် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရေး အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင် များလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိခြင်းများအပေါ် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခန့် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆)ဦး ဆေးရုံဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို မိုးညို မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့လူနာ(၆)ဦး ဆေးရုံ မှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

မဲရုံမှူး/ဒုမဲရုံမှူးသင်တန်းပို့ချနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မင်းတပ်မြို့၌ ကျင်းပ

မင်းတပ်ခရိုင်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား သင်တန်းပို့ချ နိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့မရဲစခန်းရှေ့၌ ယနေ့နံနက်ပိုင်း က ဆောင်ရွက်သည်။

မင်းတပ်မြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေး

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်မှစ၍ ဦးဝမ္မသူးမောင်းပန်းခြံရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ပေးလျက် ရှိသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့မည့်ဆန်ဖိုးငွေ ၄၂ သိန်းကျော်ကို တိုက်ပွဲရှောင်ကော်မတီသို့ လွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ ၃၀၀၀ ကျော်အနက်မှ ဒုတိယအကြိမ် ထောက်ပံ့ရန်ကျန်ရှိသည့် လူဦးရေ ၂၀၁၄ ဦးအတွက် ဆန်ဖိုးငွေ ၄၂ သိန်းကျော်ကို ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ် က ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီသို့ ယနေ့နံနက် ၁၀ နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း တို့က လက်ခံခဲ့ကြောင်း သိရသည်။

ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက် ထားကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုနည်းခြင်းကြောင့် တောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းမှုနည်းပါး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးတောင်သူများ၏ ပဲတီစိမ်းနှင့် မြေပဲစိုက်ခင်းများသည် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းမှု နည်းပါး၍ သီးနှံထွက်နှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

အ-ထ-က(၇)အလုံ နှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်​စောင့်ကြည့်စင်တာ မျာသို့ ​ တ​​နေ့စာအတွက် ထမင်းဘူး (၆၀၀)ဘူး၊ ငှက်​ပျောသီးနှင့် ​သောက်​ရေသန့်များ လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က တ​နေ့စာ အတွက် ထမင်းဘူး(၆၀၀)ဘူး၊ ငှက်​ပျော်သီးနှင့် ​သောက်​ရေသန့်များလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to