မိုင်းဆတ်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သံသယလူနာများ သီးသန့်ထားရှိရန် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဆတ် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သံသယလူနာများ သီးသန့်ထားရှိရန် ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့မွန်းလွဲ (၂)နာရီ က တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သံသယလူနာများအား Isolation Ward တွင် သီးသန့်ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် စစ်ဆေးကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်လျက်ရှိသော (Aircon) (၃)လုံးအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)