ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အတွက် ODK Application သုံးစွဲနည်း မွမ်းမံသင်တန်းဖွင့်လှစ်

မိုင်းရယ်   အောက်တိုဘာ  ၁၆

ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်အတွက် ODK Application သုံးစွဲနည်း မွမ်းမံသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ODK Application သုံးစွဲနည်း မွမ်းမံသင်တန်းကို မိုင်းရယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေး(၂၈)ဦး တက်ရောက် ခဲ့ပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုရတနာလှိုင် က ရှင်းလင်းပို့ချပါသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်တွင် မိုင်းရယ်မြို့နယ်အတွင်းမှ  ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ် အောက် ကလေးသူငယ် စုစုပေါင်း (၈၀၉)ဦး အကျိုးခံစားခွင့်ရရှိခဲ့ပြီး  တစ်လလျှင် ကျပ် (၁၅၀၀၀) နှုန်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်အတွင်းမှ အကျိုးခံစားခွင့်ရရှိသူများအတွင်းမှ ထုတ်ယူရန်ကျန်ရှိသည့် (၂၇၈) ဦး အား လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ KBZ Pay မှ  သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ စာရေးများထံ ငွေလာရောက်ထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)