ဖယ်ခုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား ငွေဒဏ်ရိုက်ပြီး နှာခေါင်းစည်း Mask တပ်သည့် အလေ့ အကျင့်ဖြစ်စေရေး ပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းများကိ ုမြို့လယ်အဝိုင်းနှင့် မြို့၀င် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်တို့တွင် မြို့နယ်အဆင့်အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဌနှင့်အဖွဲ့၀င်များက ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာချိန်နှင့် လုပ်ငန်းများ ဆောင်ရွက် ချိန်တွင် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်စေရေး ပညာပေးခြင်းလုပ်ငန်းနှင့် Mask တပ်ရန်ပျက်ကွက်သော ပြည်သူများအား ဒဏ်ငွေ ၂၀၀ ကျပ်ဒဏ်ရိုက်ပြီး Mask ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
ဒေသခံပြည်သူများ နေအိမ်/နေရာပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ Mask ကိုစနစ်တကျ တပ်ဆင်စေရေး၊ Mask တပ်ဆင်သည့်အလေ့အကျင့် ဖြစ်စေရေးပညာပေးခြင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများအား အသိပညာပေးခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ Mask တပ်ဆင်ရန်ပျက်ကွက်သော လမ်းသွားလမ်းလာများအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တို့က Mask များ အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါမြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းထက်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပါ၀င်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
ကိုထွေး(ဖယ်ခုံ)