နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

လဟယ် အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခွင့်ပြုရန်ပုံဖြင့်ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ဌာနမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၄၁.၀၀) သန်းဖြင့် Eastern Hill Star ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော လဟယ်မြို့နယ် ဟွေကွန်ကျေးရွာနှင့် စစ်ဖောင်ကျေးရွာကြား ဟွန်းညူချောင်းပေါ်တည်ဆောက်ထားသော အလျား (၈၀)ပေ၊ အနံ(၁၄)ပေ၊ နှစ်လွှာ တစ်ထပ် ပေလီတံတား ဆောင်ရွက်ပြီးစီးမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဟွေကွန်-စစ်ဖောင်ကြား ပြင်ထိန်း(၁၀/)မိုင် ဆောင်ရွက်မည် လမ်းပိုင်းအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း နာဂဒေသ ခေတ္တ နာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (လဟယ်) မှ  ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိပါသည်။

ရှားဆက်(ပြန်/ဆက်)