ကျိုင်းလပ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ် မိုးစပါး စိုက်ခင်းများအား တတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း၊ စစ်တမ်းကောက်ယူခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရွာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးမျိုးသန့်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစိုးမင်းအောင်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ်မိုးစပါး စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် ဆင်းဧရီ-၃ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းစံကွက် တစ်ဧက အစိုထွက်တင်း ၈၀.၄၂ တင်း ထွက်ရှိကြောင်း ကျိုင်းလပ်မြို့ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်ထံမှ သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)