ပိုင်ကျုံမြို့ နယ်ခြားစောင့်တပ်မှ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံရှိလူနာများအတွက် အာဟာရပြည့်၀သောအစားအစာများပေးအပ်လှူဒါန်း

ပိုင်ကျုံ  အောက်တိုဘာ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာရှိ နယ်ခြားစောင့်တပ် (၁၀၁၅)တပ်မှ ဗိုလ်မှူးအောင်ထွေးမွန် (ဦးစီးအရာရှိ)နှင့်တပ်ဖွဲ့၀င်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအတွက် အာဟာရ ပြည့်၀ စေသောအစားအစာများ လိုက်လံထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကို  ပိုင်ကျုံမြို့အတွင်းရှိ ကော့ထရဲကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံရှိ လူနာများအတွက် အာဟာပြည့်၀သော အစားအစာများဖြစ်သည့် ဆန်၊ ဆီ၊ နွားနို့၊ ငှက်ပျောသီး၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်ဥများထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ mask များ အမြဲတပ်ဆင်ရန်၊ လက်များကိုမကြာခဏဆေးကြောရန်၊ လူစုလူဝေးများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)