ပျော်ဘွယ် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ အလှူငွေနှင့် ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲ ကို ယမန်နေ့ နံနက်(၈)နာရီခွဲက မြို့ကန်ဦး ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီး ဦးအောင်ကြည်၊ ရမည်းသင်းခရိုင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦး၊ ပျော်ဘွယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက်ရောက်လာသည့်ပြည်သူများက မြို့ပေါ်ရပ်ကွက်နှင့် အနီး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများမှ ပင့်သံဃာများအား အလှူငွေနှင့်ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းကြသည်။
အလှူငွေနှင့်ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းရာတွင် ဘုန်းတော်ကြီးကျောင်း(၅၅)ကျောင်းမှ ပင့်သံဃာများအား ဆွမ်းဆန်တော်(၄၉)အိတ်၊ နဝကမ္မအလှူငွေကျပ်(၁၅၁၅၀၀၀)ကို မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)