မောက်မယ် အောက်တိုဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ) နှစ်စက်၀န်း လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ ပြန်လည်အတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ ရွေးချယ်ခြင်းအစည်းအဝေးကို ပန်းတန်ကျေးရွာအုပ်စု ၊ ဖာစန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ယမန်နေ့ နေ့လယ်(၁)နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်၀န်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာလူထုနှင့် ကော်မတီဝင်များအနေဖြင့် မိမိကျေးရွာမှ အမှန်တကယ်လိုအပ်သော လုပ်ငန်းခွဲများအား ရွေးချယ်သွားရန်နှင့် တည်ရှိကော်မတီဝင်များအနေဖြင့် ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးသွားကြရန် တာဝန်ကျစည်းရုံးရေးမှူးများ က အကြံပြုဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တာဝန်ကျစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးတို့က စီမံကိန်းအကြောင်းများ ပြန်လည်မိတ်ဆက်ပြောကြားခြင်း၊ စီမံကိန်းစက်ဝန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်၊ ထောက်ပံ့ရန်ပုံငွေရရှိမှု၊ ကျေးရွာကော်မတီဝင်များ ပြန်လည်အတည် ပြုခြင်းနှင့် လုပ်ငန်းခွဲများ အတည်ပြုရွေးချယ်ခြင်း လုပ်ငန်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)