ဝေါမြို့နယ် ပရဟိတအသင်းများထံသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ  အသုံးပြုရန်အတွက်အလှူရှင်များမှ အလှူငွေများနှင့် Mask များလှူဒါန်း

ဝေါ အောက်တိုဘာ ၁၆

ဝေါမြို့နယ်  ပရဟိတအသင်းများထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ  အသုံးပြုရန် အတွက် အလှူရှင်များမှ အလှူငွေများနှင့် Mask များအား ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဝေါမြို့ နာရေးကူညီမှုအသင်းသို့ ကိုလင်း+မအကြီးမ(မြတ်)ပန်းဆိုင်မိသားစုမှ ၂ သိန်းကျပ် အား လည်းကောင်း၊ ကွယ်လွန်သူ ဗိုလ်ကြီးကျော်ထက်ခိုင်အား ရည်စူး၍ ဇနီးဖြစ်သူ မချယ်ရီဝင်းနိုင်မှ ကျပ်၅သောင်းအားလည်းကောင်း၊ ဒေါ်ရီဝင်းခိုင်(ကျားကမ္ဘာ) မိသားစုမှ ဒုတိယအကြိမ်အဖြစ် PPE(5စုံ)၊ 95 MASK(20)ခုအား လည်းကောင်း၊ Together Waw ပရဟိတအဖွဲ့သို့ ကိုလင်း+မအကြီးမ "မြတ်ပန်းဆိုင်"မှ ငွေ(၂)သိန်းကျပ်အားအသီးသီးလှူဒါန်းရာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဖိုးချို နှင့် Together Waw Volunteer Group ကိုယ်စား ဦးဘိုဘိုငြိမ်း (အေးချမ်းသာယာ ရပ်ကွက်၊အုပ်ချုပ်ရေးမှူး) နှင့် Together Waw ပရဟိတအဖွဲ့တို့က အလှူငွေ လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)