သီပေါ အောက်တိုဘာ ၁၆
မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည် မိသားစုဝင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့မရဲစခန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက် များ၊ ရှောင်ကျဉ်ရမည့် အချက်များနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူး သုံးစွဲပုံ၊ သုံးစွဲနည်းများကို သီပေါမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ နှင့် အိမ်ထောင်သည် မိသားစုဝင်များအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုဝင်များကို မီးသတ် ဆေးဘူး၊ အပေါ့စား ရေစုပ်စက်ဖြင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်စေခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)