ရှမ်းရွာသစ် အောက်တိုဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း အတွက် စာကြည့်တိုက်ဖွင့်လှစ်မှုအား ခေတ္တရပ်ဆိုင်းထားခဲ့ပြီး စာကြည့်တိုက်သို့ မလာရောက် နိုင်သော စာဖတ်ပရိသတ်များအတွက် Online Page မှ ပန်းချီ၊ ဆေးရောင်ချယ်၊ စာအုပ် မိတ်ဆက်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်ခြင်းနှင့် Talk Show ဆွေးနွေးပွဲ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး အစီအစဉ်ကို ယမန်နေ့က Online Page မှ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ နောက်ခံသမိုင်းကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဦးတည်ချက်ဆောင်ပုဒ်များ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ အစရှိသောအကြောင်းအရာများကို အသေးစိတ်တင်ဆက်ပေးခဲ့ပြီး ၎င်း အသိပညာပေး အစီအစဉ်ကို ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Shanywarthit Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)