တောင်သာမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တောင်သာ အောက်တိုဘာ ၁၆

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်း  စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ညွှန်ကြားချက်နှင့်အညီ  လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို  မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ  ကွင်းဆင်းစစ်ဆေးရာတွင်  တောင်သာမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များရှိစက်ရုံ၊အလုပ်ရုံ၊ အလုပ် ဌာန များအားလိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)