ပန်းဘဲတန်း အောက်တိုဘာ ၁၆
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှု မရှိစေရေး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရန်အတွက် အောက်တိုဘာလ (၉)ရက်နေ့မှစတင်ပြီး နေ့စဉ် စစ်ဆေး ကြပ်မတ် အရေးယူ ဆောင်ရွက်ခြင်းပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းတပ်ဆင်ခြင်းမပြုဘဲ သွားလာနေသူများအား ဒဏ်ငွေ ၂၀၀/-ကျပ်ပေးဆောင်ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း ဖြင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း များပြားလာခြင်းကြောင့် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းစနစ်တကျတပ်ဆင်သွားလာကြရန် ကျန်းမာရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)