မြောက်ဥက္ကလာပ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကားအတွက် ကား ဘက်ထရီ (၁)လုံးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရ သည်။
မြောက်ဥက္ကလာပမြို့နယ်(ဇ)ရပ်ကွက် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူ ပို့ဆောင်ပေး လျက်ရှိသည့် လူနာတင်အရေးပေါ်ကားအတွက် တပ်ဆင် အသုံးပြုနိုင်ရန် Toyo Battery မိသားစုမှ ကား ဘက်ထရီ (၁)လုံးလှူဒါန်းရာ စေတနာရှင် လူမှုဘဝ စောင့်ရှောက်ရေး အသင်းမှ ကိုခန့်ကိုကိုနိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါအသင်းအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့် အတူရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါး အိမ်ထောင်စုများအတွက် အလှူရှင်များနှင့် ပူးပေါင်း၍ အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်း၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)