မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တန်ဖိုးငွေကျပ် (၆၂၀,၀၀၀)တန်ဖိုးရှိ ဆေးဝါများ လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ SILVER SHINE INTERNATIONAL COMPANY LIMITED (ရွှေပေါက်ကံစက်မှုဇုန်၊ အနောက်တိုင်း ဆေးဝါး အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း)မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် တန်ဖိုးငွေကျပ် (၆၂၀,၀၀၀)တန်ဖိုးရှိ ဆေးဝါးများကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် INTERNATIONAL COMPANY LIMITED မှ  တာဝန်ရှိသူက ဖျားနာခြင်း ကြောင့် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတို့အတွက် အသုံးပြုနိုင်ရန် Paracetamol ၅၀၀ မီလီဂရမ် ပါဝင်သည့် Paragesic (၂၀၀)ဗူး၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော Vitamin-C ၁၀၀ မီလီဂရမ်ပါဝင်သည့် Vercit-C (၂၀၀)ဗူး စုစုပေါင်းငွေကျပ်(၆၂၀,၀၀၀)တန်ဖိုးရှိ ဆေးဝါးများကို လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်က လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းရရှိသည့် ဆေးဝါးများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် Quarantine Centre များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် ပြန်လည် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)