ကမာရွတ် အောက်တိုဘာ ၁၆
ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် primary contact များနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ဆန်( ၅) အိတ်၊ ကြက်ဥအလုံး (၉၀၀) လုံးကို အလှူရှင်(ပြည်ဒေါ်ဥ ထမင်းသုပ်) မိသားစုမှ လည်းကောင်း၊ ရေသန့်ဘူး သောက်ရေသန့် ၁လီတာ ( ၅၀၀) ဘူး အား( CoCo Colo Pinyo Beverages Myanmar) မိသားစုမှ လည်းကောင်း၊PPE ဝတ်စုံ( ၂၀၀)စုံ၊ 3M Mask ( ၁၀၀)အား KD မိသားစုမှ လည်းကောင်း၊ မြို့နယ် ကိုဗစ် - ၁၉ ကော်မတီသို့ အသီးသီး လာရောက် လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုအား မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူ များကလက် ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)