ပန်းဘဲတန်း အောက်တိုဘာ ၁၆
ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ ကျိုက်ထီးရိုး ဟိန္ဒူမိသားစု ဆီမီး(၅၀၀၀)အဖွဲ့မှ စားသောက်ဖွယ်ရာများ ယမန်နေ့က လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ ကျိုက်ထီးရိုးဟိန္ဒူမိသားစု ဆီမီး(၅၀၀၀) အဖွဲ့မှ ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါ်နေခြည်သွေးတို့က လက်ခံရယူခဲ့သည်။
ပန်းဘဲတန်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများကို လွှတ်တော် ကိုယ်စား လှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော်မတီဝင် ဌာနဆိုင်ရာ များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသွားအလာကန့်သတ်စောင့်ကြည့်နေရာရှိ ပြည်သူများ၏ လိုအပ်ချက်များအား ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးမှ တာဝန်ရှိသူများကလည်း ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)