မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များမှ အလှူငွေများနှင့် အခြေခံစားသောက်ကုန်များ  လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဆ)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် အလုပ်အကိုင်အဆင်မပြေ၍ စားဝတ်နေရေး ခက်ခဲသူများကို အခြေခံစားသောက်ကုန်များလှူဒါန်းနိုင်ရန်နှင့် အ.ထ.က(၁)ကျောင်း Quarantine Centre အတွက် လိုအပ်သည့် နေရာများတွင် သုံးစွဲနိုင်ရန် ရည်ရွယ်၍ အလှူရှင်များက အလှူငွေများနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းကစ၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် (ဆ)ရပ်ကွက်အတွင်း အလုပ်အကိုင်အဆင်မပြေသည့် အိမ်ထောင်စု များကို လှူဒါန်းနိုင်ရန် ကိုကျော်နိုင်ထွန်း၊ မမေစိုးမိုးမိသားစုက ဆီ(၅၀)ကျပ်သားပါ (၅၀)ဗူး၊ ကြက်ဥ (၁၀)လုံးပါ (၅၀)ကဒ်၊ ဦးတင်လတ်၊ ဒေါ်ခိုင်ခိုင်မိသားစုက ဆန်အိတ်(၃)အိတ်၊ တင်စန္ဒာဆေးခန်းမှ ခေါက်ဆွဲခြောက်(၁၅)ဖာတို့ကို လည်းကောင်း၊ အ.ထ.က(၁) ကျောင်း  Quarantine Centre အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ဦးခင်ငြိမ်း၊ ဒေါ်ဌေးရီ မိသားစုက ငွေကျပ်(၁)သိန်း၊ ဦးတင်ထွန်းအောင်၊ ဒေါ်ခင်ဌေး မိသားစုက (၁)သိန်း၊ St. Gabriel's Catholic Church ကျောင်းမှ ငွေကျပ်(၂)သိန်း၊ စရီမူသူးမာရီယမ္မာန် မယ်တော် သတ်သတ်လွတ် ဟိန္ဒူဘုရားကျောင်းမှငွေကျပ်(၇၄၀,၀၀၀)တန်ဖိုးရှိ အောက်စီဂျင်စက်၊ PPE ဝတ်စုံများ၊ Mask များကို လာရောက်လှူဒါန်းရာ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။  ဆက်လက်၍ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းက အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အခြေခံစားသောက်ကုန်များကို အောက်တိုဘာ ၁၉ ရက်နေ့၌ ရပ်ကွက်အတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသော အိမ်ထောင်စုများအား လှူဒါန်းမည် ဖြစ်၍ ဆက်လက်လှူဒါန်းလိုသူများရှိပါက ဖုန်းနံပါတ် ၀၉-၂၅၂၄၂၉၈၈၃သို့  ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)