ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆွမ်းကိစ္စများတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၉) ကျောင်းသို့ အခြေခံစားသောက် ကုန်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံလှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် We Love Yangon မှ ခွဲဝေရရှိသော အခြေခံစားသောက်ကုန် Package အစုံ (၄၀) နှင့် စေတနာရှင်များ လှူဒါန်းထားသည့် အခြေခံစားသောက်ကုန် Package အစုံ (၁၄၆) စုံ စုစုပေါင်း (၁၈၆)စုံအား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆၉) ကျောင်းသို့ ခွဲဝေကာ လိုက်လံလှူဒါန်း ပေးခဲ့ကြသည်။ We Love Yangon (Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ ဘုန်းတော်ကြီးကျောင်း များသို့ လှူဒါန်းခဲ့သည့် အခြေခံစားသောက်ကုန်များတွင် ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် ကော်ဖီထုပ်များပါဝင်ခဲ့ပြီး အဆိုပါလှူဒါန်းမှုများအတွက် ဆရာတော်၊ သံဃာတော်များမှ ကျေးဇူးတင် ဝမ်းမြောက်စကားများ ပြန်လည်မိန့်ကြားခဲ့ကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)