အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) များ အတွက် အလှူငွေနှင့်  ထမင်းဘူးများလှူဒါန်း

 အလုံ   အောက်တိုဘာ   ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အသုံးပြုရန်နှင့်  အသွားအလာကန့် သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က အလှူငွေ၊ နေ့လယ်စာထမင်းဘူးနှင့်သောက်ရေသန့်များလာရောက်လှူဒါန်းခဲ့ ကြောင်းသိရ သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ် ဦးမြသန်းနှင့်ဒေါ်မြင့်မြင့်မိသားစု (နွယ်သာကီ လမ်း) မှ နေ့လည်စာအတွက် ထမင်းဗူး (၅၅)ဘူး၊ ဦးမျိုးသိန်းနှင့်ဒေါ်နွယ်မင်းလှိုင် မိသားစု (နွယ်နီလမ်း)မှ  အလှူငွေ (၁) သိန်းကျပ်၊ ဦးချိုနှင့်ဒေါ်သန်းလှမိသားစု (နွယ်နီလမ်း)မှ (၁)  သိန်းကျပ်တို့ကို လှူဒါန်းခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။.      
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွား အလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင် များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)