ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး ပညာပေးလုပ်ငန်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြှင့်မားလာသဖြင့် တားဆီးကာကွယ် နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ပြည်သူ များ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ ၁ ကြိမ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း လူစည်ကားရာနေရာနှင့် သတ်မှတ်နေရာ(၆)နေရာတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် ပျက်ကွက်သူများအား ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။