ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်း နယ်စပ် ဂိတ်မှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ စစ်ဆေးပြီး ပြန်လည်လက်ခံ
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၅၄ ဦး ၊ အမျိုးသမီး ၉ ဦး စုစုပေါင်း အလုပ်သမား ၆၃ ဦးကို ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင် မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီး ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။