တံတားဦးမြို့တွင် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက ထနောင်းကိုင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့သို့ (PPE)ဝတ်စုံများ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် စေတနာရှင်ပြည်သူများမှ ကျန်းမာရေးသုံး ပစ္စည်းများ၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်ထံသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်သွင်က (PPE) ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် (Online Page) မှတစ်ဆင့် စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာသင်ကျောင်းများ ပိတ်ထားရသဖြင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် တီထွင်ကြံဆမှု အားကောင်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် စက္ကူ အရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်အား ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အလှူငွေများ ပေးအပ်လှူဒါန်း

ဟင်္သာတမြို့နယ် အခြေခံပညာရေးမိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် Quarantine Centre များတွင် အသုံးပြုနိုင်ရန်အလှူငွေများ ယနေ့နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်လံ လှူဒါန်းခဲ့သည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ဝင်ဂိတ်များတွင် အရှိန်အဟုန်မြှင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ်နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး စုပေါင်းအလှူငွေများ ပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ယမန်နေ့ နေ့လယ်ပိုင်းက စုပေါင်းအလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ငဖဲမြို့အဝင်လမ်း ဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့အဝင်လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့အဝင် ပဒါန်း-ငဖဲ-စေတုတ္တရာကားလမ်းဘေးတွင် ဆောင်ရွက်ခဲ့သည်။

ပူတာအို၌ ရဲမှုထမ်းဟောင်းများအား ရိက္ခာလေးမျိုး တတိယအကြိမ်ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ပူတာအိုနှင့်မချမ်းဘော့မြို့နယ်များရှိ ရဲမှုထမ်းဟောင်းများအား ကိုဗစ်-၁၉ကာလ အတွင်း မိသားစုစား ၀တ် နေရေးအခက်အခဲများကို တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ် စေရန်အတွက် ပူတာအိုတပ်နယ်မှ ရိက္ခာအမယ်လေးမျိုး တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပူတာအိုတပ်နယ် ဗန္ဓုလခန်းမ၌ ကျင်းပသည်။
Subscribe to