ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅၀)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


ဒဂုံ(အရှေ့) အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌  ကိုဗစ်-၁၉  ရောဂါကာလ အတွင်း ဆွမ်းအခက်အခဲမရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၅၀)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို အောက်တိုဘာ ၁၆ ရက်က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထိုသို့ လှူဒါန်း ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ပေါင်း(၅၀)တွင် သီတင်းသုံး နေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေများအား ကိုဗစ်-၁၉  ရောဂါ ကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန်အတွက် အလှူရှင်များဖြစ်သော ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်  အမှတ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဆီ၊ ခေါက်ဆွဲ၊ ကြက်ဥ၊ ကြက်သွန်၊ မုန့်၊ ဆပ်ပြာ၊အချိုမှုန့်၊ဆား၊ ငါးသေတ္တာ အစရှိသည့်  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


လှလှထွေး(ပြန်/ဆက်)