သဲကုန်း အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် အနာကြီးရောဂါ ကိုယ်အင်္ဂါချွတ်ယွင်းမှု အဆင့်(၂)ခံစား နေရသူများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ အိမ်တိုက်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်တွင် အနာကြီးရောဂါ ကိုယ်အင်္ဂါချွတ်ယွင်းမှုအဆင့်(၂)ခံစားနေရသူ စုစုပေါင်း(၁၅၀)ဦး ခန့်ရှိပြီး တစ်ဦးလျှင် (၅၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေများကို ကျန်းမာရေးဝန်ထမ်းများက အိမ်တိုင် ရာရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)