မင်းတပ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အစည်းအဝေး ပြုလုပ်


မင်းတပ်    အောက်တိုဘာ        ၁၈


မင်းတပ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ကြကြောင်း သိရသည်။


ယင်းအစည်းအဝေးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲ ကာလနှင့်ရွေးကောက်ပွဲ ကျင်းပပြီးကာလတို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲများနှင့် ပညာရေးဝန်ထမ်းများအား နေရာချထားရေး၊ အသက်(၆၀) ပြည့်ပြီးသူများကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် လွတ်လပ်မျှတစွာ ပါဝင်ယှဉ်ပြိုင် ရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ လျာထားသတ်မှတ်ထားသည့် မဲရုံများမီးရရှိရေး၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများအား သင်တန်းပေးနိုင်ရေး၊ ပြည်တွင်းပြည်ပ ရောက်နေသူများ ပြန်ရောက်လာပါက ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ရေး၊ မဲရုံများတွင် အသုံးပြုရမည့်ပစ္စည်းများကို မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများထံ ထုတ်ပေးနိုင်ရေးတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
    
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)