ဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 

ကသာ   အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက် နေသော ဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား အောက်တိုဘာလ(၁၆)ရက်နေ့က တာဝန်ရှိသူများ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်းမလွတ်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက် နေသော ဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU) လူနေမှုဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍမှ စာကြည့်တိုက်ဆောက်လုပ်ခြင်း၊ သဲကျောက်လမ်းခင်းခြင်းနှင့် SMU ဆိုင်းဘုတ် ပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ထားရှိမှုအပေါ် ခိုင်ခံ့မှု၊ စနစ်ကျမှု၊ အရည်အသွေးပြည့်မီမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာလူထုများအား ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတစ်ခု၏ အရေးကြီးပုံ၊ စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် အားနည်းချက်နှင့် အားသာချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာ များမှ တာဝန်ရှိသူများက အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်