သာယာဝတီခရိုင်ရှိ ရဲမှုထမ်းဟောင်းများအား အခြေခံစားကုန် ၄ မျိုးထောက်ပံ့


သာယဝတီ      အောက်တိုဘာ ၁၈


ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ ချို့တဲ့ရဲမှုထမ်းဟောင်း ၁၁၈ ဦး အတွက် ရိက္ခာအမယ်(၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို သာယာဝတီခရိုင်၊သာယာဝတီမြို့ ဆရာစံခန်းမ၌ ယမန်နေနံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနိုင်ဇော်ဦးနှင့် တပ်မတော် အရာရှိကြီးများက ရဲမှုထမ်းဟောင်း(၁၁၈) ဦး အား ဆန်၊ဆီ၊ဆားနှင့်ပဲ စသည့် အခြေခံ စာသောက်ကုန် ရိက္ခာ(၄)မျိုးထောက်ပံ့ပေးအပ်ပြီး ထောက်ပံ့ပေးအပ်သည့်ပွဲသို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ထွန်းမြင့်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲမှုထမ်းဟောင်းများ တက်ရောက်ကြောင်း သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။
သန့်ဇော်(ပြန်/ဆက်)